“အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာ နဲ့ အားကစားဒါရိုက်တာ ဘူဖွန်တို့ ရာထူးကနေ နုတ်ထွက်”

03 Apr

အီတလီလက်ရွေးစင်အသင်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ (၃)ကြိမ်ဆက် လွဲချော်ခဲ့ရတာကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) ဥက္ကဋ္ဌ ဂရာဗီနာနဲ့ အားကစားဒါရိုက်တာ ဘူဖွန်တို့ ရာထူးက နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ အီတလီအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို (၄)ကြိမ်ရရှိထားတဲ့အသင်းဖြစ်ပေမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပြီးနောက် ၂၀၁၈ ကမ္ဘာ့ဖလားကနေစတင်ကာ သုံးကြိမ်ဆက် ခြေစစ်ပွဲ အောင်မြင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် FIGC ဥက္ကဋ္ဌ ဂရာဗီနာ ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေး တောင်းဆိုမှုတွေ ရှိလာခဲ့ပြီး အီတလီအားကစားဝန်ကြီး အဘိုဒီက ဥက္ကဋ္ဌသစ်နဲ့အတူ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ အောက်တိုဘာကတည်းက FIGC ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂရာဗီနာက ရာထူးက နုတ်ထွက်ခဲ့ခြင်းဖြစ်သလို၊ ဘူဖွန်ကလည်း ရာထူးက နုတ်ထွက် ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

03 Apr

ADVERTISE HERE .