“ဧပြီလ ၃ ရက်မှစ၍ မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ်မူတည်ပြီး စက်သုံးဆီများ ရောင်းချပေးမည်”

03 Apr

ဧပြီလ ၃ ရက်မှစ၍ Taxi ၊ သုံးဘီးနှင့် ကုန်တင်ယာဉ်များ မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်မူတည်ပြီး စက်သုံးဆီရောင်းပေးမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးခဲ့ပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍအဆင်ပြေစေရန် Taxi ၊ သုံးဘီးနှင့် ကုန်တင်ယာဉ်များ စက်သုံးဆီကို တစ်ပတ်လျှင် ၃ ရက်ဝယ်ယူရန် ပမာဏတိုးမြှင့်သတ်မှတ်ခွင့်ပြုပေးခဲ့ပေမယ့် မသမာမှုများပြုလုပ်နေတဲ့ ၎င်းယာဥ်များကိုစက်သုံးဆီရောင်းပေးတဲ့စနစ်ကို ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ စက်သုံးဆီအရောင်းဆိုင် ၂,၉၄၃ ဆိုင်အနက် ၈၇၉ ဆိုင်မှာ Bar Code/ QR Code များကို Scan ဖတ်၍ ရောင်းချ ပေးလျက်ရှိကာ ယခုသီတင်းပတ်မှစတင်၍ ပုသိမ်မြို့နှင့် ရန်ကုန်-ပြည်-မကွေးလမ်းမကြီးတစ်လျှောက်မြို့များမှာ စတင်အသုံးပြုမှာဖြစ်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီရောင်းချတဲ့စနစ်ကို လက်တွေ့အသုံးပြုရာမှာ တွေ့ကြုံရတဲ့ နည်းပညာဆိုင်ရာအခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် မသမာမှုများကို ဟန့်တားနိုင်ရန် Online မှ စောင့်ကြည့်သတိပေးခြင်း၊ ထိန်းချုပ်ခြင်း၊ ပြည်သူတို့၏ တုန့်ပြန်မှုများကိုနားထောင်၍ နည်းပညာကို အဆင့်မြှင့်တင် ခြင်း၊ နိုင်ငံတစ်ဝှမ်းလုံးတွင် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။ (NVS 004 )

03 Apr

ADVERTISE HERE .