“နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုလက်မခံကြောင်းထုတ်ပြန်”

03 Apr

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ဧပြီလ ၂ ရက်ကထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၃၁ ရက်အထိ ဂျီနီဗာမြို့၌ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၏ (၆၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ များကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်လိုက်မှုကင်းစွာရှုမြင်သုံးသပ်ရန်ပျက်ကွက်နေကာ ဆန့်ကျင်ဖက်အဖွဲ့အစည်း များထံမှရရှိတဲ့ ခိုင်လုံမှုမရှိသောသတင်းအချက်အလက်များကို အခြေခံတဲ့ဆွေးနွေးနေမှုများပြုလုပ်ခဲ့သည်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ် စောင့်ရှောက်ရေးတို့ကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် ပြည်တွင်းရေးကို ထိပါးနှောင့်ယှက်တဲ့ ဆွေးနွေးချက်များ နှင့် ဆုံးဖြတ်ချက်များအားလုံးကို ပြတ်သားစွာကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ပါတယ်။ (NVS 004 )

03 Apr

ADVERTISE HERE .