“ဧပြီလ ၄ ရက်မှစတင်ကာ မြစ်ကြီးနားမြို့သို့ ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမည်”
03 Apr
ယာယီပိတ်ထားတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်း များက ဧပြီလ ၄ ရက်မှစတင်၍ ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပူတာအိုမြို့ရှိ ပူတာအိုလေဆိပ်သို့လည်း ဧပြီလ ၅ ရက်မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းများမှ ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ မတ်လ ၂၅ ရက်မှစတင်ကာ ပြည်တွင်းခရီးစဉ်များအနက် ဦးစားပေး ပြေးဆွဲရန်စီစဉ်ထားသော ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ ကော့သောင်းမြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့များသို့ ပြည်တွင်းလေကြောင်းလိုင်းများက ပြန်လည်ပျံသန်းပြေးဆွဲပေးလျက် ရှိပါတယ်။ အဆိုပါဒေသများကို ပြည်တွင်းလေကြောင်းလိုင်းများဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်း၊ အပြည်ပြည် ဆိုင်ရာမြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်းတို့က ပျံသန်းပြေးဆွဲပေးနေခြင်းဖြစ်ပါတယ်။ (NVS 004 )