“သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ပတ်ရထားများပြေးဆွဲမှုများကို ခေတ္တရပ်နားထားမည်”

03 Apr

ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေတဲ့ ရန်ကုန်မြို့ပတ်ရထားများကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ခေတ္တရပ်နားထားမည်ဟု မြန်မာ့မီးရထားမှ သိရပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ပတ်ရထားများကိုလည်း ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ခေတ္တရပ်နားထားမှာဖြစ်ပါတယ်။ ထို့အတူ ရန်ကုန်-ပုဂံလမ်းပိုင်း၌ အမှတ် (၆၁) အဆန်၊ (၆၂) အစုန် ရန်ကုန်-ပျဉ်းမနား-ပုဂံခရီးစဉ်ရထားများကို ဧပြီလ ၁၄ ရက်မှ ၂၀ ရက်အထိ ပြေးဆွဲမှုခေတ္တရပ်နားထားမယ်လို့ သိရပါတယ်။ ရထားခရီးစဉ်အားလုံးကို ဧပြီလ ၁၇ ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ (NVS 004 )

03 Apr

ADVERTISE HERE .