“နည်းပြဖြစ်သူကို ထုတ်ပယ်ခဲ့တဲ့ ဂါနာအသင်း”

02 Apr

ဂါနာဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ၇၂ ရက်သာ လိုတော့တဲ့အချိန်မှာနည်းပြဖြစ်သူ အော်တိုအက်ဒို ကို ရာထူးကနေ အံ့အားသင့်ဖွယ် ထုတ်ပယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က သြစတြီးယားအသင်းနှင့် ဂျာမနီအသင်း တို့ကို ရှုံးနိမ့်ပြီးနောက် နည်းပြ အက်ဒို ကို ချက်ချင်းထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဂါနာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စု L မှာ အင်္ဂလန်၊ ခရိုအေးရှား၊ ပနားမားအသင်းတွေနဲ့ အတူကျရောက်နေပါတယ်။ နည်းပြ အက်ဒို ဟာ ဂျာမနီမှာ မွေးဖွားခဲ့သူဖြစ်ကာ ကစားသမားဘဝတစ်ခုလုံး ဂျာမန်ကလပ်တွေမှာပဲ ကစားခဲ့ပြီး ဂါနာလက်ရွေးစင်အသင်းအတွက် ၁၅ ပွဲ ကိုင်တွယ် ခဲ့ပါတယ်။ အက်ဒို အနေနဲ့ ၂၀၂၄ ခုနှစ် မတ်လကတည်းက ဂါနာအသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

02 Apr

ADVERTISE HERE .