“ကက်စ်စမဲရိုး ကို အယ်လ်နာဆာအသင်းထံ ခေါ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ စီရော်နယ်လ်ဒို”

02 Apr

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ ရီးရဲလ်အသင်းနဲ့ မန်ယူအသင်းဖော်ဟောင်းဖြစ်တဲ့ ကွင်းလယ်ကစားသမား ကက်စ်စမဲရိုး ကို အသင်းထံခေါ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ရာသီကုန်မှာ မန်ယူအသင်းကနေ ထွက်ခွာတော့မယ့် ကက်စ်စမဲရိုး ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်တာမိုင်ယာမီ အသင်းနဲ့ ဆွေးနွေးတော့မယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် စီရော်နယ်လ်ဒို က အင်တာ မိုင်ယာမီထံ ကက်စ်စမဲရိုး ပြောင်းရွှေ့တာထက် ဆော်ဒီအာရေဗျမှာ သူနဲ့ ပြန်လည်ပေါင်းစည်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကက်စ်စမဲရိုး ဟာ မန်ယူအသင်းမှာ တစ်ပတ် ပေါင် ၃၇၅,၀၀၀ ရရှိနေပြီးစာချုပ်မှာ တစ်နှစ်သက်တမ်း တိုးခွင့်အချက် ပါဝင်ပေမယ့် အသင်းက သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

02 Apr

ADVERTISE HERE .