“စပါးအသင်းရဲ့ ရည်မှန်းချက်ကို ယုံကြည်တာကြောင့် နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တဲ့ နည်းပြသစ် ဒီဇာဘီ”
02 Apr
စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် ၅ နှစ်စာချုပ်နဲ့ ခန့်အပ်ခြင်းခံခဲ့ရတဲ့ အီတလီနည်းပြ ရောဘတ်တို ဒီဇာဘီ က အသင်းရဲ့ရည်မှန်းချက်ကို ယုံကြည်တာကြောင့် နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ စပါးအသင်းက ဒီဇာဘီ ကို မတ်လ ၃၁ ရက်က နည်းပြသစ်အဖြစ် ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့စာချုပ်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းဟာ နည်းပြ တူဒေါ ကို ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် အသင်းမှ ထုတ်ပယ်ခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဇာဘီ ကို ထပ်မံအစားထိုးခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းရဲ့ အားကစားဒါရိုက်တာ ဂျိုဟန်လန့်ချ် က ဒီဇာဘီ ဟာ လာမယ့်နွေရာသီမှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ထားတဲ့ နံပါတ်(၁)ပစ်မှတ်ဖြစ်ပြီး အခြေအနေအရ လက်ရှိအချိန်မှာပဲ ခန့်အပ်ခဲ့ရတာဖြစ်ကြောင်းနဲ့ အလွန်ကျေနပ်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
02 Apr