“၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့ အသင်းအားလုံး စုံလင်သွားပြီဖြစ်”

02 Apr

Inter-confederation play-offs နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ DR ကွန်ဂိုနဲ့ အီရတ်တို့ အနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရမယ့် အသင်း ၄၈ သင်းစလုံး စုံလင်သွားခဲ့ပြီဖြစ်ပါတယ်။ Inter-confederation play-offs နောက်ဆုံးပွဲစဉ်မှာ DR ကွန်ဂို က ဂျမေကာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အီရတ် က ဘိုလစ်ဗီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အသင်းနှစ်သင်းက ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နောက်ဆုံးခြေစစ်ပွဲအောင်မြင်တဲ့အသင်းတွေဖြစ်ပြီး DR ကွန်ဂိုအသင်းက ၁၉၇၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၅၂ နှစ်ကြာမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သလို၊ အီရတ်အသင်းက ၁၉၈၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီး နှစ်ပေါင်း ၄၀ ကြာမှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ အီရတ်နဲ့ DR ကွန်ဂိုတို့ ခြေစစ်ပွဲအောင်မြင်ခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပက ၁၆ သင်း၊ အာဖရိကက ၁၀ သင်း၊ အာရှက ၉ သင်း၊ တောင်အမေရိကက ၆ သင်း၊ ကွန်ကာကပ်ဖ်က အိမ်ရှင်သုံးသင်းအပါအဝင် ၆သင်း၊ သမုဒ္ဒရာပိုင်းက ၁ သင်း ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်မှာ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ (NVS 008)

02 Apr

ADVERTISE HERE .