“MAI က Revenue တိုးတက်စေရန် Aviator Revenue Management System ကိုအသုံးပြုမည်”

02 Apr

မြန်မာနိုင်ငံမှ အရှေ့တောင်အာရှအပြင် ဒူဘိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယားအပါအဝင် ခရီးရှည်များနှင့် နိုင်ငံတွင်းချိတ်ဆက်ပျံသန်းလျက်ရှိသည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း MAI မှ မဟာဗျူဟာ ဆိုင်ရာ Revenue တိုးတက်စေရန်နှင့် ကွန်ယက်များပိုမိုတိုးချဲ့နိုင်ရန် Maxamation ၏ Aviator Revenue Management System ကိုအသုံးပြုခဲ့ပါတယ်။ လက်ရှိအချိန်၌ Aviator စနစ်ကို MAI ၏ အပြည်ပြည်ဆိုင်ရာလေကြောင်းလုပ်ငန်းမှာ စတင်အသုံးပြုနေ တာကြောင့် ဝင်ငွေစီးဆင်းမှုစနစ်အကောင်းဆုံးဖြစ်စေရန် စီမံနိုင်ခြင်း၊ လေကြောင်းလိုင်း၏ Revenue Management အဖွဲ့အားမြင်သာစွာထိန်းချုပ်နိုင်မှုနှင့် စီးပွားရေးမဟာဗျူဟာများအပေါ်ယုံကြည်မှုပိုမိုတိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။ အဆိုပါစနစ်ကို အသုံးပြုလိုက်တဲ့အတွက် MAI ကဈေးကွက်အတွင်း ပြောင်းလဲမှုတွေကို အချိန်နဲ့တစ်ပြေးညီ ဝင်ငွေရည်မှန်းချက်ကို လျှင်မြန်စွာဆက်လက်အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ကြောင်း MAI ၏ CEO ဖြစ်သူ Mr. Tanes Kumar ကပြောကြားခဲ့ပါတယ်။ MAI မှ ယင်းစနစ်ကိုအသုံးပြုခြင်းဖြင့် Revenue ဆိုင် ရာသုံးသပ်ချက်များကို ခေတ်မှီနည်းစနစ်များဖြင့် လွယ်ကူလျှင်မြန်စွာသုံးသပ်နိုင်ရန် လိုအပ်သောအထောက်အကူများကိုရရှိနိုင်မည်ဖြစ်ကာ နေ့စဉ်လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။(NVS 004)

02 Apr

ADVERTISE HERE .