“မကွေးမြို့မှာ ပျံကျစျေးသည်များစနစ်တကျရောင်းချနိုင်ရန် သစ်တောစျေးတည်ဆောက်”
02 Apr
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ပညာရေးကောလိပ်လမ်းနှင့် သုခိတာလမ်းကြားမှာ အဆိုပါရပ်ကွက်နှင့် အောင်စေတနာရပ်ကွက်၊ တိုးချဲ့ရပ်ကွက်တို့မှာ နေထိုင်သူများ သန့်ရှင်းသပ်ရပ်စွာ ဈေးဝယ်ယူ နိုင်စေရန်နှင့်ပျံကျဈေးသည်များစနစ်တကျရောင်းချနိုင်ရန် သစ်တောဈေးတည်ဆောက်လျက်ရှိတယ်လို့သိရပါတယ်။ အဆိုပါသစ်တောဈေးမှာ ကုန်ခြောက်ဆိုင်ခန်း ၁၄၀ ခန်း၊ သား/ငါးခန်း ၁၂ ခန်းနှင့် ပျံကျစျေးဆိုင်ခန်း ၈၄ ခန်း ပါရှိပြီး ပြည်သူထည့်ဝင်ငွေကျပ်သန်း ၂၀၀ နဲ့ ဖေဖော်ဝါရီလမှစတင်ကာတည်ဆောက်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်၌ ၈၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါတယ်။ ဈေးဆိုင်ခန်းများတွင် ရေ၊ မီးနှင့် သန့်စင်ခန်းများကို ထည့်သွင်းတည်ဆောက်ထားပေးပြီး သွားလာရ အဆင်ပြေစေရန် ဈေးအတွင်းလမ်းမကြီးနှင့် လမ်းသွယ်များကို ကွန်ကရစ်ခင်းပေးထား၍ အခြေခံစားသောက်ကုန် များကို လွယ်လင့်တကူဝယ်ယူရောင်းချနိုင်မည်ဖြစ်တဲ့အပြင် မြို့သန့်ရှင်းသာယာလှပရေးကို အထောက်အကူပြုစေ မှာ ဖြစ်ပါတယ်။(NVS 004)