“အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့ခွင့်ကို ၂၀၂၇ မတ်အထိ တစ်နှစ်တိုးမြှင့်”

02 Apr

မြန်မာနိုင်ငံမှ တင်ပို့လျက်ရှိတဲ့ မတ်ပဲနှင့် ပဲစင်းငုံများအတွက် အိန္ဒိယနိုင်ငံ၏ လွတ်လပ်စွာတင်သွင်းခွင့်ကို တစ်နှစ်သက်တမ်းတိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအစိုးရများအကြား ညှိနှိုင်းဆောင်ရွက်ခဲ့မှုများအရ အိန္ဒိယအစိုးရက မတ်ပဲနှင့် ပဲစင်းငုံတို့ကို လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါသက်တမ်းတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်မှာ အမိန့်ကြေညာစာများ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ တင်သွင်းခွင့်သက်တမ်းတိုးမြှင့်မှုက မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ရေးလုပ်ငန်းများအတွက် အကျိုးရှိစေမည်ဖြစ်ပြီး ကုန်သွယ်မှု ဆက်ဆံရေးများကိုလည်း ဆက်လက်ခိုင်မာစေမည်ဟု ခန့်မှန်းထားပါတယ်။ (NVS 004)

02 Apr

ADVERTISE HERE .