“ရွှေမော်ဓောစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်မှာ သံဃာအပါး ၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူ”
02 Apr
ပဲခူးမြို့ကျက်သရေဆောင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈) နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကာလဖြစ်တဲ့ ဧပြီလ ၁ ရက်ညနေ ၅ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သံဃာအပါး ၅၀၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပါတယ်။ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များကို လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခဲ့ကြပါတယ်။ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ နာမည်ကျော် မြန်မာ့ဇာတ်သဘင်အဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ၁၂ ပွဲစျေးသည်များ၊ အပျော်စီးလှေ၊ ကလေးကစားကွင်း များအပြင် မြန်မာပြည်တစ်ဝှမ်းမှ ဒေသထွက်ကုန်များကိုလည်း ခင်းကျင်းရောင်းချလျက်ရှိပါတယ်။ (NVS 004)