“ဓာတ်မြေသြဇာတင်သွင်းမှုအတွက် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှုကို ဧပြီတစ်လလုံးကင်းလွတ်ခွင့်ပြု”

02 Apr

ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံတဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ဧပြီလ ၁ ရက်မှ ၃၀ ရက် အထိကင်းလွတ်ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကနေ သိရပါတယ်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များလျော့ကျစေရန်အတွက် ကင်းလွတ် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအခွန်ကင်းလွတ်ခွင့်က ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းတဲ့ဓာတ်မြေဩ ဇာများအပေါ် အကျုံးဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

02 Apr

ADVERTISE HERE .