“နာပိုလီအသင်းတွင်သာ ဆက်ရှိနေမယ့် တိုမီနေး”

01 Apr

နာပိုလီအသင်း ကွင်းလယ်ကစားသမား တိုမီနေး က အသင်းမှထွက်ခွာမည့် သတင်းများက မှန်ကန်မှု မရှိကြောင်းနဲ့ အသင်းတွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်တွင် တိုမီနေး ကို ဥရောပကလပ်အသင်းများအပြင် ဆော်ဒီကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေသော် ၄င်းက အသင်းတွင်သာ ဆက်ရှိနေမှာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမား တိုမီနေး က နာပိုလီအသင်းနှင့်အတူ ၂၀၂၄-၂၀၂၅ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၇၂ ပွဲကစားပြီး ၂၄ ဂိုးသွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ တိုမီနေး က နာပိုလီအသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး အသင်းမှာ ပျော်ရွှင်နေကြောင်းနဲ့ နာပိုလီအသင်းက သူ့အတွက် ကြီးကျယ် ခမ်းနားတဲ့အသင်းတစ်သင်းဖြစ်ကာ ကစားသမားဘဝကိုလည်း လက်ရှိအသင်းမှာသာ ကုန်ဆုံးသွားလိုကြောင်း ပြောခဲ့ပါတယ်။(NVS 008)

01 Apr

ADVERTISE HERE .