“စီဘယ်လော့စ် ကိုခေါ်ယူရန် ဘက်တစ်အသင်း စီစဉ်”

01 Apr

ဘက်တစ်အသင်းက ရီးရဲလ်အသင်း ကွင်းလယ်ကစားသမား စီဘယ်လော့စ် ကိုခေါ်ယူရန် စီစဉ်လျက် ရှိပါတယ်။ အသက် ၂၉ နှစ်အရွယ် စီဘယ်လော့စ် ဟာ ရီးရဲလ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၁၄ ပွဲကစားပြီး ခုနစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး တည်ငြိမ်တဲ့ခြေစွမ်းကြောင့် ဘက်တစ်အသင်းက ခေါ်ယူရန်စီစဉ်လာခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကွင်းလယ်ကစားသမား စီဘယ်လော့စ် ဟာ ရီးရဲလ်အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေ ဖြစ်နေခြင်းကြောင့် အသင်းမှ ထွက်ခွာချင်နေပါတယ်။ ဒါ့အပြင် အခြားနာမည်ကြီး ကလပ်အသင်းများကလည်း စီဘယ်လော့စ် ကိုခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။(NVS 008)

01 Apr

ADVERTISE HERE .