“ပါဗလိုဗစ်ချ် ကိုခေါ်ယူရန် စီစဉ်နေတဲ့ ချဲလ်ဆီးအသင်း”

01 Apr

ချဲလ်ဆီးအသင်းက အေစီမီလန်အသင်း နောက်ခံကစားသမား ပါဗလိုဗစ်ချ် ကိုခေါ်ယူရန် စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမား ပါဗလိုဗစ်ချ် ဟာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၆၄ ပွဲ ကစားပြီး ခြောက်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အခုလိုခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ အေစီမီလန်အသင်းကလည်း ပါဗလိုဗစ်ချ် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက ရောင်းချ သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ နွေရာသီဈေးကွက်အတွင်းမှာ အေစီမီလန်အသင်းမှ ပါဗလိုဗစ်ချ် ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)

01 Apr

ADVERTISE HERE .