“မန်ယူအသင်းနှင့် ထွက်ပေါ်နေသော သတင်းများကို ငြင်းဆန်ခဲ့တဲ့ နည်းပြ အန်နရီကေးလ်”
01 Apr
မန်ယူအသင်းကို ပြောင်းလဲကိုင်တွယ်မည်ဆိုသော သတင်းများက ကောလာဟလများသာဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းနည်းပြ အန်နရီကေးလ် က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိပီအက်စ်ဂျီအသင်းနည်းပြ အန်နရီကေးလ် ဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့တာ ဖြစ်ပြီး မန်ယူအသင်းကို ပြောင်းလဲကိုင်တွယ်မည်ဆိုသော သတင်းများက မှန်ကန်မှုမရှိကြောင်းနဲ့ မိမိအနေနဲ့ ပီအက်စ်ဂျီအသင်းမှာသာ ပျော်ရွှင်လျက်ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နည်းပြ အန်နရီကေးလ် ဟာ ပီအက်စ်ဂျီအသင်းကို ၂ဝ၂၃ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၁၆၁ ပွဲမှာ ၁ဝ၉ ပွဲနိုင်၊ ၂၉ ပွဲသရေနဲ့ ၂၃ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။(NVS 008)
01 Apr