“မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေတဲ့ မက်ဂွဲယား”
01 Apr
အင်္ဂလန်ဝါရင့်နောက်ခံလူ မက်ဂွဲယား အနေနဲ့ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် မက်ဂွဲယား ဟာ အခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် မက်ဂွဲယား က မန်ယူအသင်းမှာပဲ ဆက်နေဖို့ဆုံးဖြတ်ထားပြီး ဆွေးနွေးမှုများ လုပ်ဆောင်နေတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ မက်ဂွဲယား ကို ၂၀၂၇ ခုနှစ်အထိ တစ်နှစ်စာချုပ်သာ ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်သက်တမ်း တိုးခွင့်ပါဝင်မယ်လို့ သိရပါတယ်။ မက်ဂွဲယား ဟာ နည်းပြ ကာရစ် လက်ထက်မှာ ခြေစွမ်းကောင်းကို ပြသလျက် ရှိသလို အသင်းရဲ့အဓိကကစားသမားဖြစ်လာပြီး ပုံမှန်ပွဲထွက်ခွင့် ရရှိနေပါတယ်။(NVS 008)
01 Apr