“မဟာသင်္ကြန်ပွဲတော်ကာလအတွင်း YBS အစီးရေ တစ်ထောင်ကျော်ကို ပုံမှန်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲပေးသွားမည်”
01 Apr
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း YBS အစီးရေ တစ်ထောင်ကျော်ကို ပုံမှန်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရ ပါတယ်။ မဟာသင်္ကြန်ပွဲတော်ကာလအတွင်းမှာ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် YBS ယာဉ်တွေ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ယာဉ်မတော်တဆမှုမဖြစ်စေရေး၊ လမ်းခရီးမှာ ယာဉ်ချို့ယွင်းမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်သလို မော်တော်ယာဉ်များအနေနဲ့ ပုံမှန်ယာဉ်စီးခနှုန်းထားများဖြင့် ပြေးဆွဲနိုင်ရန် ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အတွင်း YBS ယာဉ်လိုင်းကုမ္ပဏီ ၁၅ ခုရှိ စုစုပေါင်း ၇၁ လိုင်းမှ ယာဉ်အစီးရေ ၁,၁၇၆ စီးဖြင့် ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း YRTC မှသိရပါတယ်။(NVS 004)
01 Apr