“၂၀၂၆ ခုနှစ်၊ မေလတွင်ကျင်းပမည့် TOP J စာမေးပွဲအတွက် ဖောင်များစတင်လျှောက်ထားနိုင်”
01 Apr
ရန်ကုန်နှင့် မန္တလေးမြို့တို့၌ လာမည့်မေလအတွင်းကျင်းပမည့် TOP J စာမေးပွဲအတွက် ဖောင်များစတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သိရပါတယ်။ မေလထဲမှာ ရန်ကုန်နဲ့ မန္တလေးမှာကျင်းပမယ့် TOP J စာမေးပွဲအတွက် လျှောက်လွှာဖောင်များကို စတင် တင်သွင်းနိုင်ပြီး စာမေးပွဲကို Basic (N5 & N4 Level) Intermediate (N3 & N2 Level) နဲ့ Advanced (N1 & Above Level)များ ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ TOP J စာမေးပွဲတွင် နယ်ဝေးမှ ပါဝင်ဖြေဆိုလိုသူများအတွက် Google မှတစ်ဆင့် လျှောက်လွှာများကို လက်ခံပေးသွားမှာဖြစ်ပြီး စာမေးပွဲကို မေလ ၁၀ ရက်တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ လျှောက်လွှာများကို ဧပြီလ ၉ ရက်အထိ https://forms.gle/TJ35LTvRk4EAyL2C8 မှတစ်ဆင့် လျှောက်လွှာတင်သွင်းနိုင်မှာဖြစ်ပါတယ်။ စာမေးပွဲရလဒ်များကို စာမေးပွဲဖြေပြီး နှစ်ပတ်အကြာတွင် Online Result ဖြင့် မြန်မြန်ဆန်ဆန်သိရှိနိုင်ပြီး တစ်လအကြာတွင် Certificate များကို ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ TOP J စာမေးပွဲကို နှစ်စဉ် ဇန်နဝါရီလ၊ မတ်လ၊ မေလ၊ ဇူလိုင်၊ စက်တင်ဘာလနှင့် နိုဝင်ဘာလတို့တွင် ကျင်းပပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သိရပါတယ်။(NVS 004)