“တောင်ကိုရီးယားနိုင်ငံသို့ မတ်လအတွင်း လုပ်သားသစ် ၁၂၁ ဦး စေလွှတ်”

01 Apr

တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် မတ်လ အတွင်း လုပ်သားသစ် ၁၂၁ ဦး စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် မတ်လ ၁၀ ရက်တွင် ဝန်ဆောင်မှု လုပ်သား ၁၇ ဦး၊ မတ်လ ၁၁ ရက်တွင် ကုန်ထုတ်လုပ်သား ၇၂ ဦးနှင့် စိုက်ပျိုးရေးလုပ်သားတစ်ဦး စုစုပေါင်း ၇၃ ဦး၊ မတ်လ ၁၂ ရက်တွင် Re-entry လုပ်သားတစ်ဦးနှင့် မတ်လ ၁၅ ရက်တွင် ကုန်ထုတ်လုပ်သား ၂၉ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားတစ်ဦး စုစုပေါင်း ၃၀ ဦးတို့ကို တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အသီးသီးစေလွှတ်ပို့ဆောင်ပေးခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိလာသော မြန်မာအလုပ်သမားများအနေနဲ့ အခက်အခဲရှိပါက ဆိုးလ်မြို့ရှိ မြန်မာသံရုံးသို့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်းနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးက တောင်ကိုရီးယားနိုင်ငံ၌ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမားများ၏ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံတည်ဆဲဥပဒေများနှင့်အညီ ရသင့်ရထိုက် သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 004)

01 Apr

ADVERTISE HERE .