“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညိုစော အား ဒုတိယသမ္မတအဖြစ် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ရွေးချယ်တင်မြောက်”

31 Mar

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညိုစော အား ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတရွေးချယ်ရေးအစည်းအဝေးကို မတ်လ ၃၁ ရက်နံနက်ပိုင်းက နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် ရဲကျော်သူ က သဘာပတိအဖြစ်ဆောင်ရွက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးစလုံး တက်ရောက်ခဲ့ကြပါတယ်။ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် ကျော်သူရအေး က ဦးညိုစော(ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ကိုကိုးကျွန်းမဲဆန္ဒနယ်)ကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်တဲ့ ဒုတိယသမ္မတအဖြစ် အဆိုပြုတင်သွင်းရာ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် စိုးညွန့် က ထောက်ခံတင်သွင်းပါတယ်။ အဆိုတင်သွင်းမှုအပေါ် ကန့်ကွက်သူမရှိသဖြင့် ဦးညိုစော(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကိုကိုးကျွန်း မဲဆန္ဒနယ်)ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ အဖြစ် သဘာပတိက အတည်ပြုကြေညာခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသားလွှတ်တော် မှ ဒေါ်နီနီအေး တို့ကို ဒုတိယသမ္မတများအဖြစ် အတည်ပြုရွေးချယ်တင်မြှောက်ထားရှိကြောင်း သိရပါတယ်။ (NVS 008)

31 Mar

ADVERTISE HERE .