“2026 Miami Open တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ရရှိခဲ့တဲ့ ဆင်နာ”
31 Mar
အမေရိကန်နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ 2026 Miami Open အမျိုးသားတင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို အီတလီတင်းနစ်ကစားသမား ဆင်နာ က ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။ 2026 Miami Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ အီတလီတင်းနစ်ကစားသမား ဆင်နာ က ချက်တင်းနစ်ကစားသမား ဂျီရီ လီဟီခါခ် နဲ့ တွေ့ဆုံခဲ့ပြီး ဆင်နာ က လက်ရည်အသာစီးနဲ့ ၆-၄၊ ၆-၄ ဖြင့် နှစ်ပွဲအနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ဆင်နာ က 2026 Miami Open တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်မိပြီး နောက်ထပ် ဆုတွေ ဆွတ်ခူးနိုင်အောင် ဆက်လက်ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)
31 Mar