“ဒေးဗစ်မွိုက်စ် ကို စာချုပ်သက်တမ်းတိုးရန် အဲဗာတန်အသင်း စီစဉ်”

31 Mar

အဲဗာတန်အသင်းက အသင်းနည်းပြ ဒေးဗစ်မွိုက်စ် ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိပါတယ်။ အဲဗာတန်အသင်းက ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ ပွဲကစားအပြီးတွင် ရမှတ် ၄၆ မှတ်ဖြင့် အဆင့်(၈) နေရာတွင် ရပ်တည်နေပြီး ရလဒ်များ ကောင်းမွန်ခြင်းကြောင့် နည်းပြ ဒေးဗစ်မွိုက်စ် ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လာခြင်း ဖြစ်ပါတယ်။ နည်းပြ ဒေးဗစ်မွိုက်စ် က အဲဗာတန်အသင်းကို ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၅၄ ပွဲတွင် ၂၂ ပွဲနိုင်၊ ၁၅ ပွဲသရေ၊ ၁၇ ပွဲရှုံးရလဒ် ပိုင်ဆိုင်ခဲ့ပါတယ်။ (NVS 008)

31 Mar

ADVERTISE HERE .