“အင်္ဂလန်ပဉ္စမတန်းကလပ် Woking အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံရတဲ့ ဒီဖိုး”

31 Mar

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုး ဟာ အင်္ဂလန်ပဉ္စမတန်းကလပ် Woking အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံရကြောင်း သိရပါတယ်။ ဒီဖိုး ဟာ ရိန်းဂျားစ်အသင်းကို ယာယီနည်းပြအဖြစ် ပူးတွဲတာဝန်ယူဖူးတာနဲ့ စပါးယူ-၁၈ အသင်းကို ကိုင်တွယ် ဖူးတဲ့ အတွေ့အကြုံသာရှိထားသူဖြစ်ပါတယ်။ ဒီဖိုး က စပါးအသင်းမှာ ယာယီနည်းပြ တူဒေါ ရုန်းကန်နေရ ချိန်မှာ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့သေးပေမယ့် မဖြစ်မြောက်ခဲ့ဘဲ Woking အသင်းကို ကိုင်တွယ် ခဲ့ခြင်းဖြစ်ခဲ့ပါတယ်။ Woking အသင်းက ၁၈၈၇ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့အသင်းဖြစ်ပြီး National League မှာ ယှဉ်ပြိုင်နေတဲ့အသင်းဖြစ်တာကြောင့် အင်္ဂလန်ဘောလုံးလောကမှာ ပဉ္စမတန်းအဆင့်ဖြစ်ပါတယ်။ (NVS 008)

31 Mar

ADVERTISE HERE .