“စပါးအသင်းနည်းပြသစ်အဖြစ် ခန့်အပ်နိုင်ရန်နီးစပ်နေတဲ့ ဒီဇာဘီ”

31 Mar

စပါးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အီတလီနည်းပြ ဒီဇာဘီ ကို ခန့်အပ်နိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ စပါးအသင်းဟာ ခရိုအေးရှားနည်းပြ တူဒေါ နဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ်ခန့်အပ်ဖို့ စီစဉ်နေရာမှာ ဒီဇာဘီ က နံပါတ်(၁)ဦးစားပေးဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ မာဆေးလ်အသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဇာဘီ ကလည်း စပါးအသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေပေမယ့် ရာသီကုန်မှ ကိုင်တွယ်ဖို့ ပိုမိုလိုလားနေကြောင်း သိရပါတယ်။ ဒါပေမယ့် စပါးအသင်းက ချက်ချင်းခန့်အပ်လိုတာကြောင့် မြင့်မားတဲ့ လစာနှုန်း ထားတဲ့ ကမ်းလှမ်းထားသလို၊ တန်းဆင်းဇုန်က လွတ်မြောက်ပါက အပိုဆုကြေး ပေါင်သန်းဂဏန်း ပေးအပ်မယ်လို့ သိရပါတယ်။ စပါးအသင်းက ဒီဇာဘီကို ၂၀၃၀ အထိစာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားတဲ့အပြင် နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှု ပါဝင်မှာဖြစ်ကြောင်း၊ လစာအဖြစ် တစ်နှစ်ပေါင် ၁၂ သန်း ပေးအပ်သွားမှာ ဖြစ်ကြောင်း ဖော်ပြမှုတွေ နေပါတယ်။ ပရီးမီးယားလိဂ်မှာ လက်ရှိလစာအများဆုံးနည်းပြက တစ်နှစ်ပေါင်သန်း ၂၀ ရနေတဲ့ ဂွါဒီယိုလာ ဖြစ်ပြီး အာတေတာ က တစ်နှစ်ပေါင် ၁၅ သန်းနဲ့ ဒုတိယအများဆုံးရရှိနေတာကြောင့် ဒီဇာဘီ အနေနဲ့ စပါးအသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ရင် ပရီးမီးယားလိဂ်ရဲ့ တတိယလစာအများဆုံးနည်းပြ ဖြစ်လာနိုင်ပါတယ်။ (NVS 008)

31 Mar

ADVERTISE HERE .