“ခွန်ခမာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မြန်မာဖိုက်တာအားလုံး ရှုံးနိမ့်”
31 Mar
ပြီးခဲ့တဲ့ရက်များက ကျင်းပခဲ့တဲ့ ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများမှာ မြန်မာဖိုက်တာများဖြစ်တဲ့ ရာမာန်၊ အောင်ကောင်းကျော် နဲ့ ငြိမ်းချမ်းအေး တို့သုံးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ကြကြောင်း သိရပါတယ်။ မတ်လ ၂၉ ရက်က ကျင်းပခဲ့တဲ့ Mas Cambodia Masfight ခွန်ခမာပြိုင်ပွဲမှာ မြန်မာမှ နာမည်ကြီးဖိုက်တာ ရာမာန် ဟာ ခွန်ခမာ ၇၅ ကီလိုတန်းမှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ လန်းလီ နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာဖိုက်တာ အောင်ကောင်းကျော်က ကမ္ဘောဒီးယားဖိုက်တာကို ပထမအချီမှာတင် ဒိုင်ပွဲရပ်နှင့် မြန်မာဖိုက်တာ ငြိမ်းချမ်းအေး က ဒုတိယအချီမှာ ကမ္ဘောဒီးယားဖိုက်တာကို ဒိုင်ပွဲရပ်တွေနဲ့ အသီးသီးရှုံးနိမ့်ခဲ့ ကြပါတယ်။ (NVS 008)
31 Mar