“ပုသိမ်-ရန်ကုန်ကားခ နှစ်ဆမြင့်တက်”

31 Mar

ပုသိမ်-ရန်ကုန် ခရီးသည်တင်ယာဥ်လိုင်းများ စက်သုံးဆီအခက်အခဲကြောင့် အစီးရေလျှော့ချပြေးဆွဲလျက် ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် လက်မှတ်ခစျေးနှုန်းအနေဖြင့် လက်မှတ်တစ်စောင်လျှင် ယခင် ကျပ် ၁၂,၀၀၀ မှ လက်ရှိမှာ ကျပ် ၂၅,၀၀၀ အထိ ပေးဝယ်နေရသော်လည်း လက်မှတ်ဝယ်မရသဖြင့် ခရီးသည်များအခက်ကြုံ နေရကြောင်း သိရပါတယ်။ ပုသိမ်-ရန်ကုန်လက်မှတ်ခကို ကိုဗစ်ဖြစ်ပွားချိန်မှစ၍ တစ်စောင်လျှင် ကျပ် ၁၂,၀၀၀ သို့ သတ်မှတ်ခဲ့ပြီး ယခုအခါ စက်သုံးဆီအခက်အခဲကြောင့် ကျပ် ၂၅,၀၀၀ အထိတိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ အခုလိုတိုးမြှင့် သတ်မှတ်လိုက်သော်လည်း အစီးရေလျှော့ချပြေးဆွဲနေခြင်းကြောင့် သတ်မှတ်စျေး ၂၅,၀၀၀ ဖြင့်ပင် လက်မှတ် လုံလောက်အောင်မရရှိ၍ ခရီးသည်များ အခက်အခဲကြုံတွေ့နေရခြင်းဖြစ်ကြောင်းသိရပါတယ်။ (NVS 004)

31 Mar

ADVERTISE HERE .