“တောင်ကြီးမြို့မှာ မဟာသင်္ကြန် ဖျော်ဖြေရေးမဏ္ဍပ် ၉ ခု တည်ဆောက်မည်”

31 Mar

ဧပြီလမှာ ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတွက် တောင်ကြီးမြို့ပေါ်မှာ ဝန်ကြီးဌာန များအလိုက် ဖျော်ဖြေရေးမဏ္ဍပ် ၉ ခု ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ် လွှတ်တော်အနီး၊ ပြည်နယ်လမ်းဦးစီးဌာနရှေ့၊ ဗိုလ်ချုပ်ပန်းခြံထောင့်၊ City Square ရှေ့၊ ကုန်သည်လမ်းထိပ်၊ မြို့မဈေးဆိုင်ကယ်စတန်း၊ တရုတ်ဘုံကျောင်းရှေ့၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှေ့နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှေ့ တို့မှာ မဏ္ဍပ်များဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်သင်္ကြန် အဖြစ် ဗဟိုမဏ္ဍပ်၏ ဘေးဘယ်ညာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် သပြေလမ်းထောင့်(စာတိုက်ထောင့်)မှ ရဲရိပ်သာရှေ့အထိ၊ City Square ရှေ့မှ Jasmine Hotel ရှေ့အထိ စုစုပေါင်း ၂ နေရာတွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

31 Mar

ADVERTISE HERE .