“ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် ပြည်လမ်းကြားမှာ လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပမည်”

31 Mar

ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် ပြည်လမ်းကြားမှာ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပ မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ သိရပါတယ်။ အဆိုပါနေရာမှာ မဏ္ဍပ်များတည်ဆောက်ထားရှိမှုတွင် ၉၅ ရာခိုင်နှုန်းအထိပြီးစီးနေပြီး ဖြစ်ကြောင်း သိရပါတယ်။ လမ်းလျှောက်သင်္ကြန်ပွဲက ပြည်သူများ သင်္ကြန်ယဉ်ကျေးမှုကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ခံစားနိုင်စေရန် ရည်ရွယ်၍ စီစဉ်ထားခြင်းဖြစ်ပါတယ်။ ၎င်းနေရာမှာ ယာဉ်အသွားအလာများကို ကန့်သတ်သွားမည်ဖြစ်ပြီး၊ လမ်းလျှောက်သွားလာသူများအတွက် အဆင်ပြေစေရန် စီမံကိန်းများကိုလည်း ဆောင်ရွက်ထားကြောင်း သိရပါတယ်။ သင်္ကြန်ကာလအတွင်း ပြည်သူများ အနေနဲ့ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာကြပြီး အန္တရာယ်ကင်းရှင်းစွာပါဝင်ကြရန် သက်ဆိုင်ရာအဖွဲ့ အစည်းများက တိုက်တွန်းထားပါတယ်။ (NVS 004)

31 Mar

ADVERTISE HERE .