ကုန်ဈေးနှုန်းသတင်း ၃၀.၃.၂၀၂၆

30 Mar

မတ်လ ၃၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ ပဲစင်းငုံနီဈေး အနည်းငယ် ကျဆင်းလာပြီး မတ်ပဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၆,၀၄၀ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၆,၈၆၆ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၅၅ ကျပ်ကနေ ၅,၀၉၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၄,၉၈၃ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၅,၃၃၀ ကျပ်ကနေ ၆,၈၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၂၁၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၈,၈၉၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၁,၁၆၅ ကျပ်ကနေ ၁၂,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၅၀ ကျပ်ကနေ ၁,၅၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၇၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ် (ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၉,၁၇၀ ကျပ်၊ ကြက်သွန်နီ(မြစ်သား) တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၃,၈၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်/အသား) တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၄၀၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၂,၂၀၀ ကျပ်ကနေ ၂,၈၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၀ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၇၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၆၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၄၅၀ ကျပ်၊ မန္တလေးမှာ ၄,၅၆၅ ကျပ်၊ နေပြည်တော်မှာ ၄,၅၃၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၉၇၅ ကျပ်၊ မန္တလေးမှာ ၅,၀၉၀ ကျပ်၊ နေပြည်တော်မှာ ၅,၀၅၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၄၅၀ ကျပ်၊ မန္တလေးမှာ ၅,၅၆၅ ကျပ်၊ နေပြည်တော်မှာ ၅,၅၃၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၆,၀၈၅ ကျပ်၊ မန္တလေးမှာ ၆,၂၀၀ ကျပ်၊ နေပြည်တော်မှာ ၆,၁၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၀၀၀,၀၀၀ိ/-) ခုနစ်ဆယ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၆၄၀,၀၀၀ိ/-) တစ်ရာ ခြောက်သိန်း လေးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

30 Mar

ADVERTISE HERE .