“2026 Miami Open တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ရရှိခဲ့တဲ့ ဆာဘာလန်ကာ”
30 Mar
အမေရိကန်နိုင်ငံတွင် ကျင်းပလျက်ရှိသော အမျိုးသမီး တင်းနစ်ပြိုင်ပွဲဖြစ်တဲ့ 2026 Miami Open တင်းနစ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ ဆွတ်ခူးရရှိခဲ့ပါတယ်။ 2026 Miami Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ က အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် နဲ့ တွေ့ဆုံခဲ့ပြီး ၆-၂၊ ၄-၆၊ ၆-၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
30 Mar