“အာဆင်နယ်ကစားသမား သုံးဦးအပါအဝင် ကစားသမားရှစ်ဦးကို ပြန်လွှတ်ခဲ့တဲ့ တူချဲလ်”

30 Mar

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ် တူချဲလ် ဟာ အာဆင်နယ်ကစားသမား သုံးဦးအပါအဝင် စုစုပေါင်း ကစားသမား ရှစ်ဦးကို ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေရှိလို့ မိခင်ကလပ်တွေထံ ပြန်လွှတ်ခဲ့ပါတယ်။ တူချဲလ် ဟာ အခုနိုင်ငံတကာရက်သတ္တပတ်အတွက် ကစားသမား ၃၅ ဦး ရွေးချယ်ခဲ့ပြီး အခု ရှစ်ဦး ပြန်လွှတ်ခဲ့လို့ အသင်းလူစာရင်းမှာ ၂၇ ဦးပဲ ကျန်ရှိပါတယ်။ ဆာကာ၊ ဒီကလန်ရိုက်စ်နဲ့ မာဒူအေကေ(အာဆင်နယ်)၊ ဂျွန်စတုန်းစ်(မန်စီးတီး)၊ ကယ်လ်ဗတ်လူဝင် (လိဒ်စ်)၊ ဝေါ်လ်တန်(ခရစ္စတယ်ပဲလေ့စ်)၊ ရမ်းစ်ဒေးလ်(နယူးကာဆယ်)၊ တိုမိုရီ(အေစီမီလန်)တို့ကို ပြန်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဆာကာ နဲ့ ဒီကလန်ရိုက်စ်ဟာ ဥရုဂွေးနဲ့ ပွဲမှာလည်း မကစားနိုင်ဘဲ ပွဲကြည့်စင်ကပဲ ကြည့်ရှုခဲ့ရပါတယ်။ မာဒူကီ ကတော့ ပထမပိုင်းမှာပဲ ဒဏ်ရာရခဲ့လို့ လူစားလဲခံခဲ့ရတာဖြစ်တယ်။ ပထမပွဲမကစားခဲ့တဲ့ ဟန်ဒါဆန်၊ အိုရိုင်လီ၊ ကွန်ဆာ၊ ဂူဟီ၊ ဒန်ဘန်း၊ အန်ဒါဆန်၊ မော်ဂန်ရော်ဂျာစ်၊ ဂေါ်ဒွန်၊ ဟာရီကိန်းတို့ကို ဂျပန်နဲ့ပွဲစဉ်မှာ အဓိကပွဲထွက်ကစားစေဖို့ ရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ ဂျပန်အသင်းနဲ့ လာမယ့်အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ (NVS 008)

30 Mar

ADVERTISE HERE .