“စပါးအသင်းနဲ့ သတင်းတွေကို ငြင်းဆန်ခြင်းမရှိတဲ့ ရှောင်ဒိုက်”
30 Mar
အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလိပ်လူမျိုးနည်းပြ ရှောင်ဒိုက် ဟာ စပါးအသင်းနဲ့ သတင်းတွေကို မငြင်းဆန်ခဲ့ဘူးလို့ သိရပါတယ်။ ရှောင်ဒိုက် က စပါးအသင်းကို အလွန်ကောင်းတဲ့ကလပ်လို့လည်း အင်တာဗျူးတစ်ခုမှာ မှတ်ချက်ပြုခဲ့ပါတယ်။ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ စပါးအသင်းဟာ အခုနိုင်ငံတကာရက်သတ္တပတ်အတွင်း နည်းပြအပြောင်းအလဲ ပြုလုပ်မှာဖြစ်ပြီး ရှောင်ဒိုက် နဲ့အစားထိုးမယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ ရှောင်ဒိုက် ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ထုတ်ပယ်ခံရပြီး သုံးလသာ ကိုင်တွယ်ခဲ့ရပါတယ်။ စပါးအသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ တန်းဆင်းဇုန်နဲ့ တစ်မှတ်သာ ကွာဟတော့တာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ်နိုင်ပွဲ လုံးဝမရှိသေးဘဲ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေပါတယ်။ (NVS 008)
30 Mar