“အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖို့မသေချာတဲ့ မက်ဂွဲယား”
30 Mar
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ မက်ဂွဲယား ရွေးချယ်ခံရဖို့ မသေချာဘူးလို့ သိရပါတယ်။ မက်ဂွဲယား ဟာ ပြီးခဲ့တဲ့သောကြာနေ့က ဥရုဂွေးနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ တူချဲလ် လက်အောက်တွင် ပထမဆုံးကစားခွင့် ရခဲ့ပါတယ်။ အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုလည်း ရခဲ့ပါတယ်။ ဒါပေမယ့် တူချဲလ် က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထိပ်တန်းဦးစားပေး နောက်ခံအတွင်းလူ လေးယောက်မှာ မက်ဂွဲယား မပါဝင်ဘူးလို့အတိအလင်း ပြောကြားခဲ့ပါတယ်။ တူချဲလ် က သူ့ရဲ့ဦးစားပေးလေးဦးမှာ ကွန်ဆာ၊ ဂူဟီ၊ ချာလိုဘာနဲ့ ဂျွန်စတုန်းစ် တို့ဖြစ်ကြောင်း ဖွင့်ဟခဲ့တာဖြစ်တယ်။ မက်ဂွဲယား ဟာ အင်္ဂလန်အသင်းအတွက် ၆၅ ပွဲကစားကာ ခုနစ်ဂိုး သွင်းယူထားပါတယ်။ (NVS 008)
30 Mar