“ ၇ ပွဲသာ ကိုင်တွယ်ခဲ့ရပြီးနောက် စပါးအသင်းနဲ့ နည်းပြ တူဒေါ တို့လမ်းခွဲ”
30 Mar
စပါးအသင်းရဲ့နည်းပြ တူဒေါ ဟာ စပါးအသင်းကို ၇ ပွဲသာ ကိုင်တွယ်ခဲ့ရပြီးနောက် နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ လမ်းခွဲခဲ့ပါတယ်။ စပါးအသင်းဟာ တူဒေါ ကို ဖေဖော်ဝါရီလ ၁၃ ရက်မှာ ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပြီး တူဒေါ အနေနဲ့ ၄၄ ရက်အကြာမှာပဲ လမ်းခွဲခဲ့ရခြင်းလည်း ဖြစ်ပါတယ်။ စပါးအသင်းက နည်းပြ သောမတ်စ်ဖရန့်ခ် လက်ထက်မှာ ရလဒ်တွေဆိုးရွားပြီး တန်းဆင်းအန္တရာယ်အတွက် စိုးရိမ်လာရတာကြောင့် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပေမယ့် တူဒေါ လက်ထက်မှာ နိုင်ပွဲ ၁ ပွဲသာရရှိပြီး သရေ ၁ ပွဲ၊ ၅ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် စပါးအသင်းတာဝန်ရှိသူက တူဒေါနဲ့ လမ်းခွဲကြောင်း ကြေညာခဲ့တာဖြစ်ပြီး နည်းပြသစ် အမြန်ဆုံးခန့်အပ်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ (NVS 008)
30 Mar