“စည်းကမ်းလိုက်နာမှုမရှိတဲ့ စက်သုံးဆီအရောင်းဆိုင် ၃ ဆိုင်၏ လိုင်စင်များကို ယာယီပိတ်သိမ်းထား”

30 Mar

သတ်မှတ်စည်းကမ်းချက်များကို လိုက်နာခြင်းမရှိ၍ သတင်းပေးတိုင်ကြားချက်များကြောင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စက်သုံးဆီအရောင်းဆိုင် ၃ ဆိုင်၏ လိုင်စင်များကို ယာယီပိတ်သိမ်းခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၂၅၉၇)၊ မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ-ရပ်ကွက်၊ ၆၂ လမ်းပေါ်ရှိ “ရွှေခြင်္သေ့”စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၀၇၃၀)နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ “အောင်သိဒ္ဓိ”စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၄၈၀)တို့၏ လိုင်စင်များကို ယာယီပိတ်သိမ်းခဲ့ကာ စက်သုံးဆီ အရောင်းဆိုင်မန်နေဂျာများနှင့် ဝန်ထမ်းများကိုလည်း ဥပဒေအရအရေးယူထားကြောင်း သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၀/B ရပ်ကွက်၊ မြနန္ဒာလမ်းသွယ် (ကျူးကျော်)နေ ဦးမြင့်မောင် ကိုလည်း စက်သုံးဆီများ တရားမဝင်သိုလှောင်ထားကြောင်းတိုင်ကြားမှုအရ စစ်ဆေးမှု များပြုလုပ်ခဲ့ရာ တရားမဝင်စက်သုံးဆီများ သိုလှောင်ထားတာကြောင့် အမှုဖွင့်အရေးယူထားပါတယ်။

30 Mar

ADVERTISE HERE .