“ပုသိမ်မြို့မှာ မဟာသင်္ကြန်ပွဲတော်အတွင်း သနပ်ခါးသင်္ကြန်မဏ္ဍပ်ထည့်သွင်းကျင်းပမည်”
30 Mar
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာကျင်းပမယ့် ရိုးရာသင်္ကြန်ပွဲတော်အတွင်း သနပ်ခါးသင်္ကြန်မဏ္ဍပ် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတစ်ဝန်းတွင် အတာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီးမှာလည်း စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဧရာဝတီ တိုင်းဒေသကြီး(ဗဟို)သင်္ကြန်မဏ္ဍပ်ကို ပုသိမ်မြို့ကမ်းနားလမ်းရှိ ရှုခင်းသာရင်ပြင်မှာ အလျားပေ ၂ဝဝ၊ အနံပေ ၆၀ နဲ့ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ဧည့်ခံရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ ပူးတွဲပြီးတည်ဆောက်လျက်ရှိပါတယ်။ အလားတူ အဆိုပါကမ်းနားလမ်းမှာ လမ်းလျှောက်သင်္ကြန်ကို စတုဒီသာမဏ္ဍပ်များနဲ့ နှစ်စဉ်ကဲ့သို့ဆောင်ရွက် မှာဖြစ်ပြီး ယခုနှစ်မှာ ထူးခြားမှုအဖြစ် သနပ်ခါးသင်္ကြန်မဏ္ဍပ် ထည့်သွင်းပြီး ဆင်နွှဲသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးအတွင်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအနေနဲ့ လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်နှင့် အခြားမဏ္ဍပ်များကို ပုသိမ်မြို့ကမ်းနားလမ်းမှာ တစ်စုတစ်စည်းတည်းကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ဆန်း တစ်ရက်နေ့မှာ ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။