“ဘဏ္ဍာနှစ် ရဲ့ ၁၁ လတာကာလအတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၉၈၆ ဒသမ ၂၃ ကျော် တင်ပို့နိုင်ခဲ့”

30 Mar

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လတာကာလအတွင်း ပြည်ပသို့ ပျားရည် မက်ထရစ်တန်ချိန် ၉၈၆ ဒသမ ၂၃ ကျော်ခန့် တင်ပို့နိုင်ခဲ့ပြီး အဆိုပါတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉ သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူးရေးဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ပျားရည်တန်ချိန် ၇,ဝဝဝ ထွက်ရှိပြီး ပြည်ပတင်ပို့မှုအနေနဲ့ နှစ်စဉ်ပျမ်းမျှတန်ချိန် ၂,၆ဝဝ ရှိကြောင်းသိရပါတယ်။ ပြည်တွင်းမှာ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာ ပျားရည်၊ လိုက်ချီးပျားရည်နှင့် ပန်းပေါင်းစုံပျားရည်များကို ထုတ်လုပ်နေခြင်းဖြစ်ပါတယ်။ ပြည်ပသို့တင်ပို့ရာမှာ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည် ၅ မျိုးကို တင်ပို့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပျားရည်ကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ပုံမှန်တင်ပို့နေပြီး ဂျပန်နိုင်ငံတို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရပါတယ်။

30 Mar

ADVERTISE HERE .