“ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်မှာ Bar Code/QR Code စနစ်ဖြင့် စတင်ရောင်းချ”
30 Mar
ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင် များမှာ မတ်လ ၂၈ ရက်မှစတင်ကာ Bar Code/QR Code စနစ်နဲ့ စတင်ရောင်းချနေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနကနေ အသိပေးခဲ့ပါတယ်။ လက်ရှိပြည်တွင်းမှာ စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ စက်သုံးဆီရောင်းချရာ၌ Bar Code/QR Code စနစ်သစ်ဖြင့် မတ်လ ၂၇ ရက်မှစတင်ကာ ရောင်းချပေးလျက် ရှိပါတယ်။ အခုလိုစနစ်သစ်နဲ့ ရောင်းချရာမှာ နည်းပညာဆိုင်ရာအခက်အခဲများ၊ မသမာမှုများနှင့် မမျှော်မှန်းနိုင်တဲ့ အခက်အခဲများကို ဖြေရှင်းနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနက Online Monitoring Center မှစောင့်ကြည့်ခြင်း၊ Call Center ဖွင့်လှစ်၍ဖြေရှင်းခြင်း၊ ထိန်းကျောင်းကြပ်မတ်ခြင်းများကို ပြုလုပ်လျက်ရှိပါတယ်။ ဒါကြောင့် စက်သုံးဆီ ဝယ်ယူရာမှာ အခက်အခဲများနှင့် မသမာမှုများတွေ့ရှိရပါက Call Center သို့တိကျစွာ အသိပေးတိုင်ကြားနိုင်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးမေတ္တာရပ်ခံထားပါတယ်။