“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ”

30 Mar

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို မတ်လ ၃၀ ရက်နံနက်ပိုင်းမှာ နေပြည်တော်ရှိ ဇေယျသီရိ ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်လျက် ရှိသော ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန် တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး တို့က ရှေ့ဆောင်အရာရှိနှစ်ဦးဦးဆောင်ကာ အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး တို့က အလေးပြုခံစင်မြင့်တွင် နေရာယူကြပြီး ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူခဲ့ပါတယ်။ ယင်းနောက် ဂုဏ်ပြုတပ်ခွဲ၏အလေးပြုခြင်းကို ခံယူနေချိန်မှာ ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်ပါတယ်။ အဲဒီနောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင် က ဂုဏ်ပြုတပ်ခွဲအားစစ်ဆေးခဲ့ပါတယ်။ ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ဂုဏ်ပြုမိန့်ခွန်း ပြောကြားရာမှာ တပ်မတော်တွင် ၅၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရာတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးဖြစ်အောင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ခေတ်အဆက်ဆက် တပ်မ‌တော်ခေါင်းဆောင်ကြီးများ မျှော်မှန်းတည်ဆောက်ခဲ့သည့် အတိုင်း အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ကြီးဖြစ်အောင် ကြိုးပမ်း တည်ဆောက်ခဲ့မှုများကို ပြောကြားခဲ့ပါတယ်။ ယနေ့တွင် လက်ရှိတာဝန်ယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံသို့ လွှဲပြောင်းပေးအပ်လိုက်ပါကြောင်း၊ နိုင်ငံတော်၊ ပြည်သူလူထုနဲ့ တပ်မတော်၏အကျိုး၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာနေရာကနေ ဆက်လက်အကျိုးပြု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်ထဲသို့ စတင်ဝင်ရောက်စဉ်ကတည်းက တွေ့ကြုံခဲ့ရသည့် တပ်မတော်ခေါင်းဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ပြီးနောက် လက်တွဲလုပ်ဆောင် ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းတို့အား ပြောကြားခဲ့ပါတယ်။

30 Mar

ADVERTISE HERE .