တံကောက်ကြောဒဏ်ရာကြောင့် ငါးပတ်ခန့် အနားယူရမယ့် ရာဖင်ညာ

29 Mar

ဘရာဇီးလ်တိုက်စစ်ကစားသမား ရာဖင်ညာ ဟာ တံကောက်ကြောဒဏ်ရာရကြောင့် ရက်သတ္တပတ် လေးပတ်ကနေ ငါးပတ်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ် ရာဖင်ညာ ဟာ ပြင်သစ်နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။ ဘရာဇီးလ်အသင်းဆေးအဖွဲ့က လည်း ရာဖင်ညာ ညာဘက်တံကောက်ကြောဒဏ်ရာရခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ရာဖင်ညာ ဟာ ဘာစီလိုနာသို့ ပြန်ကာ ကုသမှုခံယူမှာဖြစ်ပြီး လာမယ့်မေလရောက်မှ အသင်းအတွက် ပြန်လည်ကစားနိုင်ပါလိမ့်မယ်။ ရာဖင်ညာ ဟာ အက်သလက်တီကိုအသင်းနဲ့ဆုံတွေ့မယ့် ချန်ပီယံလိဂ် နှစ်ကျော့ နှင့် လာလီဂါတစ်ပွဲအပါအဝင် ခြောက်ပွဲခန့်လွဲချော်ရနိုင်ပါတယ်။ (NVS 008)

29 Mar

ADVERTISE HERE .