လီဗာပူးလ်အသင်းနဲ့ အနာဂတ်ကို ကမ္ဘာ့ဖလားမတိုင်ခင် ဆုံးဖြတ်မယ်လို့ ရောဘတ်ဆန် ပြောကြား

29 Mar

လီဗာပူးလ်အသင်းရဲ့ စကော့တလန်နောက်ခံလူ အန်ဒီရောဘတ်ဆန် က ကလပ်နဲ့ သူ့အနာဂတ်ကို ကမ္ဘာ့ ဖလားမတိုင်ခင် ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့ပါတယ်။ စကော့တလန်အသင်းခေါင်းဆောင်နဲ့လီဗာပူးလ်အသင်းတို့ စာချုပ်ဟာ အခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ရောဘတ်ဆန် ဟာ လီဗာပူးလ်အသင်းရဲ့ ကိုးနှစ်ကြာကစားသမားဘဝကို အဆုံးသတ်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အန်ဒီရောဘတ်ဆန် ဟာ အခုရာသီမှာ ကလပ်ပွဲကစားရမှု လျော့ကျလာပြီး ပြိုင်ပွဲစုံပွဲ ၃၀ သာ ကစားခဲ့ ပြီး နှစ်ဂိုးသွင်းယူခဲ့ပါတယ်။ ရောဘတ်ဆန် က နိုင်ငံလက်ရွေးစင်အသင်းနဲ့ ၂၈ နှစ်အတွင်း ပထမဆုံးကမ္ဘာ့ဖလား ပြိုင်ပွဲ မယှဉ်ပြိုင်ခင် သူ့အနာဂတ်ကို အပြီးသတ်ဆုံးဖြတ်ချက်ချလိုတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ငယ်ဘဝကလပ် ဆဲလ်တစ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေကိုတော့ ပယ်ချခဲ့ပါတယ်။ (NVS 008)

29 Mar

ADVERTISE HERE .