၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲဥရောပဇုန် Play-offs နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်တဲ့ အသင်း ၈ သင်း ထွက်ပေါ်
29 Mar၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-offs အဆင့်ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်တဲ့အသင်း ၈ သင်း ထွက်ပေါ်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အီတလီ ကို မြောက်အိုင်ယာလန်ကို ၂ ဂိုး၊ ဂိုးမရှိ၊ ဆွီဒင်က ယူကရိန်းကို ၃ ဂိုး၊ ၁ ဂိုး၊ ပိုလန်က အယ်လ်ဘေးနီးယား ကို ၂ ဂိုး ၁ ဂိုး၊ ကိုဆိုဗိုက ဆလိုဗက်ကီးယားကို ၄ ဂိုး ၃ ဂိုး၊ တူရကီက ရိုမေးနီးယားကို ၁ ဂိုး ဂိုးမရှိ၊ ဒိန်းမတ်က မြောက်မက်ဆီ ဒိုးနီးယားကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဘော့စနီးယားက ဝေးလ်စ်ကို ပယ်နယ်တီ ၄ ဂိုး ၂ဂိုး၊ ချက်က အိုင်ယာလန် ကို ပယ်နယ်တီ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ကြပါတယ်။ ဒါကြောင့် Path A ရဲ့ နောက်ဆုံးအဆင့်ကို ဘော့စနီးယားနဲ့ အီတလီ၊ Path B ရဲ့ နောက်ဆုံးအဆင့်ကို ဆွီဒင်နဲ့ပိုလန်၊ Path C ရဲ့ နောက်ဆုံးအဆင့်ကို ကိုဆိုဗိုနဲ့တူရကီ၊ Path D ရဲ့ နောက်ဆုံးအဆင့်ကို ချက်နဲ့ဒိန်းမတ် တို့ တက်ရောက်ခဲ့ကြပါတယ်။ နောက်ဆုံးအဆင့်ပွဲစဉ်တွေကို မတ်လ ၃၁ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်း ၄ သင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲခွင့်ရရှိမှာဖြစ်ပါတယ်။ (NVS 008)