ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း ဂျိုကာရက်စ် သက်သေပြခဲ့ကြောင်း ယူကရိန်းနည်းပြ ပြောကြား
29 Marယူကရိန်းလက်ရွေးစင်အသင်းရဲ့နည်းပြ ရီဘရော့ဗ် က ဆွီဒင်တိုက်စစ်မှူး ဂျိုကာရက်စ် က ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆွီဒင်အသင်းက ယူကရိန်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂျိုကာရက်စ် က ဟက်ထရစ်ဂိုးသွင်းယူခဲ့တာကြောင့် ရီဘရော့ဗ်က အခုလို ချီးကျူး ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဂျိုကာရက်စ် က ဆွီဒင်အသင်းအတွက် ၃ ဂိုးစလုံး သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ဆုံးဂိုးကို ပယ်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဆွီဒင်လက်ရွေးစင်နည်းပြ ဂရေဟမ်ပေါ်တာ က လည်း ဂျိုကာရက်စ်ရဲ့စွမ်းဆောင်ရည်က မယုံနိုင်စရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
29 Mar