နည်းပြလောကထဲကို တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာတဲ့ ရွိုင်းဟော့ဒ်ဆန်
29 Mar
အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်နည်းပြဟောင်း ရွိုင်းဟော့ဒ်ဆန် ဟာ နည်းပြလောကထဲသို့ အံ့အားသင့်ဖွယ်ပြန်လည်ဝင်ရောက်လာခဲ့ပြီး လိဂ်ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်စီးတီးအသင်းရဲ့ ယာယီနည်းပြ အဖြစ် ရာသီကုန်အထိ ခန့်အပ်ခံခဲ့ရပါတယ်။ ရွိုင်းဟော့ဒ်ဆန် ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ၂၀၂၄ မှာ ခရစ္စတယ်ပဲလေ့စ်နဲ့လမ်းခွဲပြီးကတည်းက ဘောလုံးကွင်းတွေနဲ့ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ဘရစ္စတိုးလ်စီးတီးအသင်းက သြစတြီးယားနည်းပြ စထရူဘာကို ရာထူးကနေထုတ်ပယ်ပြီးနောက် နည်းပြကြီး ရွိုင်းဟော့ဒ်ဆန် ကို ယာယီနည်းပြအဖြစ် တာဝန်ပေးလိုက်ခြင်းဖြစ်ပါတယ်။ (NVS 008)
29 Mar