ပြည်ပသို့ ရော်ဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၄၀၀ ခန့် ဝင်ငွေရရှိထား

29 Mar

မြန်မာ့ရော်ဘာများကို ပြည်ပသို့တင်ပို့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂၈၀,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၄၀၀ ခန့် ဝင်ငွေရရှိခဲ့ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်းမှ သိရပါတယ်။ အခုလိုတင်ပို့ထားသော ရော်ဘာများအနက် ၇၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး ကျန်ရှိသော ပမာဏများကို မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့်တောင်ကိုရီးယားနိုင်ငံများသို့လည်း တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ရော်ဘာတန်ချိန် စုစုပေါင်း ၃ သိန်းကျော် တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ရော်ဘာစိုက်ပျိုးဧကပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိပြီး မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှာ အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း သိရပါတယ်။ (NVS 004)

29 Mar

ADVERTISE HERE .