ယခုတစ်ပတ်တွင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်

29 Mar

ယခုသီတင်းပတ်ကာလဖြစ်တဲ့ မတ်လ ၂၇ ရက်မှ ဧပြီလ ၂ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆,၆၄၀ ကျပ် ဖြစ်ကြောင်း စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက မတ်လ ၂၇ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ယခုသတ်မှတ်ချက်အရ ယခင်တစ်ပတ်ကထက် စျေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ပြီး ယခင်အပတ် က စျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆,၆၀၀ သာရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှာ စားအုန်းဆီဈေးမှာ တစ်ပိဿာကျပ် ၅,၂၅၀ ဖြစ်ပြီး ယခုလထဲတွင် အနည်းငယ်မြင့်တက်လာခြင်းလည်း ဖြစ်ပါတယ်။ စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာမှာ စားအုန်းဆီတင်ပို့တဲ့ နိုင်ငံများ၏ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ဆောင်ရွက်နေကြောင်း သိရပါတယ်။ (NVS 004)

29 Mar

ADVERTISE HERE .