ဗင်နီဇွဲလားနှင့်အီရန်တို့ကို တိုက်ခိုက်ပြီးနောက် ကျူးဘားသည် နောက်ထပ်ပစ်မှတ်ဖြစ်ဟု သမ္မတထရမ့် သတိပေး

29 Mar

အမေရိကန်က ဗင်နီဇွဲလားနှင့်အီရန်တို့ အပေါ်တိုက်ခိုက်မှုများအပြီးတွင် ကျူးဘားနိုင်ငံသည် နောက်ထပ် ပစ်မှတ်ဖြစ်လာမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၇ ရက်တွင်သတိပေးခဲ့သည်။ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့၌ကျင်းပသည့် အနာဂတ်ရင်းနှီး မြှုပ်နှံမှုဆိုင်ရာညီလာခံတွင် ကျူးဘားသည် နောက်ထပ်ဖြစ်လာမည်ဟု ထရမ့်က ပြောခြင်းဖြစ်ပြီး ယင်းပြောဆိုမှုကို မီဒီယာများအနေဖြင့်လျစ်လျူရှုပေးရန် ထည့်သွင်းပြောထားသည်ကိုတွေ့ရသည်။ ဇန်နဝါရီလ ၃ ရက်တွင် တောင်အမေရိကတိုက်ရှိ ရေနံပေါကြွယ်ဝသည့် ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုးလပ်မာဒူရိုကို အမေရိကန်စစ်ဘက်သည် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက် တွင် အစ္စရေးနှင့်ပူးပေါင်းကာ အီရန်နိုင်ငံအပေါ် ကြီးမားသောတိုက်ခိုက်မှုများကို စတင် ခဲ့ခြင်းဖြစ်သည်။ ဆယ်စုနှစ်များစွာကြာနေပြီဖြစ်သော အမေရိကန်နိုင်ငံ၏ပိတ်ဆို့မှုများကြောင့် ကျူးဘားသည် ပြင်းထန် သော စီးပွားရေးနှင့်စွမ်းအင်အကျပ်အတည်းများ ရင်ဆိုင်နေရပြီး လောင်စာဆီပြတ်လပ်မှုကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသို့ ဦးတည်လျက်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန် ထားသည်။ ထို့ပြင် ထရမ့်သည် ကျူးဘားနိုင်ငံက မကြာမီပြိုလဲတော့မည်ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် သတိပေးခဲ့သော် လည်း လက်ရှိတွင် ၎င်း၏အစိုးရအဖွဲ့မှာ အီရန်နိုင်ငံအရေးကိုသာ အဓိကအာရုံစိုက်နေမည်ဟု ပြောထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

29 Mar

ADVERTISE HERE .